Wednesday, March 24, 2021

ဖျာပုံစျေးတွင် အကြမ်းဖက်စစ်အုပ်စုက လေးခွနှင့် ဆက်စပ်ပစ္စည်းများလိုက်သိမ်းပြီး ပန်းပဲဖိုများကို ဝင်စီး

 ဖျာပုံစျေးတွင် အကြမ်းဖက်စစ်အုပ်စုက လေးခွနှင့် ဆက်စပ်ပစ္စည်းများလိုက်သိမ်းပြီး ပန်းပဲဖိုများကို ဝင်စီး

DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ စျေးထဲမှာ ရောင်းနေတဲ့ လေးခွနဲ့ ဆက်စပ်ပစ္စည်းတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက မတ်လ ၂၃ ရက် မနက်ပိုင်းက ဝင်ရောက်သိမ်းယူခဲ့ပါတယ်။

စျေးထဲမှာ ရောင်းချနေတဲ့ လေးခွဆိုင်တွေက ပစ္စည်းတွေကို သိမ်းယူတာတင်မက နောက်ထပ် မရောင်းချဖို့နဲ့ ရောင်းချရင် အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုတာမျိုးတွေလည်းရှိတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဒါ့ပြင် ဖျာပုံမြို့ ကျုံကူးကျေးရွာက ပန်းပဲဖိုကိုလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ဦးသန်းဦးရဲ့သားဖြစ်သူက "ရဲနဲ့စစ်သား ၃၀ လောက်ကဝင်လာပြီး အဖေကို စစ်မေးစရာရှိလို့ လိုက်ခဲ့ပါဆိုပြီးပြောတယ်။ ပန်းပဲထဲက လုပ်လက်စပစ္စည်းတွေ၊ ကားလေးသံတွေကို ယူသွားတယ်။ အိမ်ထဲကိုလည်း ဝင်ရောက်ရှာဖွေတယ်''လို့ ပြောပါတယ်။

တနေတည်းမှာပဲ ဖျာပုံမြို့၊ ၉ ရပ်ကွက်၊ ၁၃ လမ်းမှာနေထိုင်တဲ့ အောင်ကမ္ဘာ ငါးအဝယ်ဒိုင်က ကိုကျော်မိုး ဆိုတဲ့အမျိုးသားတဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးသွားတဲ့ လူတွေကိုတော့ ဘာအတွက်ကြောင့် ဖမ်းတာနဲ့ ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။





No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...