Sunday, March 7, 2021

ကယားပြည်နယ် လွိုင်ကော်မြို့ ဆန္ဒပြသူများမြင်ကွင်း

 ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယားကန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက် ဆန္ဒပြနေတဲ့ပြည်သူတွေကို စစ်တပ်နဲ့ရဲ အင်အားအလုံးအရင်းနဲ့ သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး လိုက်လံဖမ်းဆီးနေပါတယ်။


ဆန္ဒပြည်ကျောင်းသားပြည်သူတွေကို မိုက်နဲ့ လူစုခွဲဖို့၊ သတင်းမီဒီယာသမားတွေကိုလည်း ဘေးအန္တရာယ် ကျရောက်နိုင်တာကြောင့် ဘေးလွတ်ရာ ရှောင်ကြဖို့ ကြေညာပြီးနောက် မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။


လက်ရှိမှာတော့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


ဆန္ဒပြပြည်သူတွေကတော့ ပစ်ခတ်ဖြိုခွင်းနေပေမယ့် ဒိုင်းကာတွေ ကိုင်ဆောင်ပြီး သပိတ်သပိတ်မှောက်မှောက်၊ အရေးတော်ပုံအောင်ရမယ်၊ လွိုင်ကော်သားတွေ ညီတယ်ဟေ့ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။


ဒါ့အပြင် လမ်းတွေပေါ်မှာ ဆန္ဒပြပြည်သူတွေက အတားအဆီးတွေချပြီး ပိတ်ဆို့နေကြသလို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေ အချက်ပေါင်းများစွာနဲ့ ပစ်ခတ်ပြီး ဖြိုခွင်းနေပါတယ်။

ယခု Video ကတော့ ဆန္ဒပြနေသောပြည်သူလူထုများ၏ဟစ်ကြွေးသံ Video ဖြစ်ပါတယ်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...