မုံရွာမှာ ရဲနှစ်ဦးသတ်ခံရပြီး အရပ်သား ၃၀ လောက်ကို ဖမ်းဆီးစစ်ဆေးနေ
~~~~~~
■ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဆာကျင်း သုဿန်အဝမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို မတ် ၂၆ ရက်နေ့ ဒီနေ့မနက်က တွေ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီ သေဆုံးတဲ့ ရဲ နှစ်ယောက်ဟာ ယင်းမာပင်ခရိုင် ပုလဲမြို့၊ ပုလဲမြို့မ ရဲစခန်းမှာ တာဝန်ဆောင်နေတဲ့ ရဲတပ်သားနဲ့ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ ခင်ဦးမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ရဲ နှစ်ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မုံရွာမြို့၊ စက်မှုဇုန် ရပ်ကွက် သမစိတ္တလမ်း၊ မြတ်လေးလမ်း၊ လမ်းသွယ်တွေက လူ ၃၀ နီးပါးကို ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
No comments:
Post a Comment