မအလသည် အကြမ်းဖက်မှုတိုးမြှင့်၍ ဆန္ဒပြပွဲများကို နှိမ်နင်းရန် ဆုံးဖြတ်ခဲ့သည်မှာသေချာသည်။ ထို့ကြောင့် မနေ့က ဆေးရုံများ၊ကျောင်းများ၊ ဘုရားဝင်းများသို့ တပ်ဖွဲ့များစေလွှတ်ခြင်း၊ ရပ်ကွက်များအတွင်းပစ်ခတ်ခြင်း၊ အိမ်များကိုစီးနင်းခြင်းတို့လုပ်နေခြင်းဖြစ်သည်။ထိတ်လန့်စရာ အခြေအနေ ဖြစ်နေသည်မှာ မှန်သော်လည်း ဤသည်မှာ မအလ၏ အင်အားကိုထုတ်ပြခြင်းမဟုတ်။ သူ၏အားနည်းချက်ကို ဖေါ်ပြနေခြင်းသာဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပတ်အတွင်း လူထုကို နှိပ်ကွပ်ရန် စစ်သားနှင့် ရဲသားများကို လမ်းမများပေါ် စေလွှတ်ခြင်းမှလွဲ၍ သူ့တွင် တခြားနည်းလမ်းဘာမျှမရှိပါ။ ထပ်မံပြီး တပ်ဖွဲ့များစေလွှတ်၍ အကြမ်းဖက်မှု တိုးမြှင့်ရေးကိုသာ လုပ်နေသည်။ ရွေးစရာလမ်းအတော် နည်းလာသည့်သဘောဖြစ်သည်။
မအလသည် ပိုမိုကြောက်လန့်လာပုံလည်း ရသည်။ ဘာကိုမှ မထိန်းချုပ်နိုင်သောကြောင့် ပို၍မလုံမခြုံဖြစ်လာပုံလည်း ရသည်။ သူ့က ယုံကြည်နိုင်သူ နည်းလာ၍ မလုံခြုံမှုပိုလာပုံလည်းရသည်။ မအလ ကျဆုံးသွားပြီ။ သူ့ရှင်သန်ရေးလမ်းအဖြစ် ကြီးမားထိတ်လန့်စရာ ရာဇဝတ်မှုများ ကျူးလွန်ကာ တိုင်းပြည်ကို သူနှင့်အတူ ဆွဲချသွားတော့မည်ကို သဘောပေါက်နားလည်သူများ တပ်နှင့် စီးပွါးရေး အသိုက်အဝန်းတွင်ရှိပါသည်။
အကြမ်းဖက်မှုများလာခြင်းမှာ အားရှိသည့် လက္ခဏာမဟုတ်ပါ။အားနည်းမှုနှင့် မလုံခြုံမှု သဘောသာဖြစ်ပါသည်။
ထိတ်လန့်စရာညကို ကျော်ဖြတ်ပြီးချိန်တွင် သတိရဖို့လိုသည့် တွေ့ရှိချက်တခုရှိပါသည်။ အကြမ်းမဖက် ပြည်သူ့တော်လှန်ရေးများကို လေ့လာသည့် ပညာရှင်တို့ တွေ့ရှိခဲ့သည်မှာ လူဦးရေ ၏ ၃.၅ ရာခိုင်နှုန်းမှ အင်တိုက်အားတိုက် မလျော့တမ်းပါဝင်နေသည့် မည်သည့် လှုပ်ရှားမှုမှ မရှုံးခဲ့ဟူသော အချက်ဖြစ်ပါသည်။ ထိုအရေအတွက်ရောက်လျင် မအောင်မြင်သည့် လှုပ်ရှားမှု တစ်ခုမှ မရှိပါ။ ထို အရေအတွက်ထက် လျော့နည်းသော်လည်း အောင်မြင်ခဲ့သည်များတော့ရှိပါသည်။
အကယ်၍သာ မြန်မာပြည်လူဦးရေ ၅၃ သန်းတွင် တက်ကြွစွာ မရပ်မနားပါဝင်နေသူ၊ အလုပ်မဆင်းပဲ ဆန့်ကျင်သူ ၁.၉ သန်း ရှိပါက စစ်အာဏာရှင်များ ဖိနှိပ်ရန်မဖြစ်နိုင်တော့ပါ။
လူအများအပြားပါဝင်နေကြပြီ မဟုတ်လား။ အောင်ပွဲသို့ ရောက်လုနီးပါပြီ။
No comments:
Post a Comment