မနေ့ညက ဖမ်းသွားတဲ့ စုသက်မွေးသိပ္ပံကျောင်း တာဝန်ခံသေဆုံး၊ အလောင်းလာထုတ်ဖို့ မိသားစုကိုအကြောင်းကြား
ရွှေပြည်သာမြို့နယ် ၊ စုသက်မွေး သိပ္ပံကျောင်းရဲ့ တာဝန်ခံ ကိုဇော်မြတ်လင်းဟာ မတ် ၈ ရက် ညပိုင်းက ရဲနဲ့စစ်တပ်ကနေ လာရောက်ဖမ်းဆီးတာကြောင့် ကျောင်းရဲ့ခြံစည်းရိုးကနေ ခုန်ချခဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီနေ့မတ်လ ၉ ရက် နေ့လယ်ပိုင်းမှာတော့ သေဆုံးပြီလို့ ရွှေပြည်သာရဲစခန်းကတဆင့်အကြောင်း ကြားလာကြောင်း ကိုဇော်မြတ်လင်းရဲ့ ဇနီး မဖြူဖြူဝင်းကဘီဘီစီကိုပြောပါတယ်။
No comments:
Post a Comment