Sunday, March 7, 2021

ပန်းဘဲတန်း NLD ရပ်ကျေးဥက္ကဌကို စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်

 ပန်းဘဲတန်း NLD ရပ်ကျေးဥက္ကဌကို စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်

--------------------------------------------------------------------------

ပန်းဘဲတန်း အမှတ် (၇) NLD မွတ်စလင် ရပ်ကျေးဥက္ကဌ ဦးခင်မောင်လတ်ကို စစ်ကောင်စီက မတ်လ ၆ ရက်နေ့ညတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အချုပ်တွင် သတ်ဖြတ်ခံလိုက်ရကြောင်း ပန်းဘဲတန်း NLD အမတ်ကိုစည်သူမောင်က ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် ယနေ့နံနက် မတ် ၇ ရက်နေ့တွင် ရေးသားထားသည်။

ပန်းဘဲတန်းရပ်ကွက်ရှိ NLD ပါတီ ကော်မတီဝင်များ၏ နေအိမ်များကို လိုက်လံဖမ်းဆီးရာတွင် ဦးခင်မောင်လတ်လည်း အဖမ်းခံလိုက်ရခြင်းဖြစ်သည်။ ဖမ်းဆီးရာတွင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ရိုက်နှက်မှုတွေလည်း ရှိခဲ့ကြောင်း ကိုစည်သူမောင်က ရေးထားသည်။

ဦးခင်မောင်လတ်၏ အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံတွင် ထားရှိကြောင်းသိရှိရ၍ အလောင်းကိုသက်ဆိုင်ရာ နယ်မြေရဲစခန်းတာဝန်ရှိသူများနှင့် ထုတ်ယူရန် ကြိုးပန်းလျှက်ရှိသည်။

ကိုစည်သူမောင်က သတ်ဖြတ်ခံလိုက်ရသော ဦးခင်မောင်လတ်သည် ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်စဉ်က ၎င်းကို ကူညီပေးခဲ့သူဖြစ်ကြောင်း ရေးသားထားသည်။

ယခုဖြစ်ရပ်နှင့်ပတ်သတ်ပြီး စစ်ကောင်စီ၏ ပြန်ကြားရေးစာမျက်နှာပေါ်တွင် ယနေ့နံနက်အထိ ထုတ်ပြန်ထားခြင်းမရှိသေးပေ။







No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...