7.4.2021
ပဲခူးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ ၂ဦးသေဆုံး၊ ကျည်ထိမှန်ဒဏ်ရာရသူတွေရှိ
ဒီကနေ့ ဧပြီ ၇ ရက် မနက်ပိုင်းက ပဲခူးမြို့
ကျောက်ကြီးစုရပ်ကွက်မှာ လမ်းအတားအဆီးတွေကို စစ်တပ်က ဝင်ရောက်ဖယ်ရှားခိုင်းရာ
က ပစ်ခတ်တာတွေလုပ်ခဲ့တာကြောင့်ကျည်ထိ
မှန်ဒဏ်ရာရသူတွေရှိခဲ့ပြီး ၂ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေကဘီဘီစီကိုပြောပါတယ်။
"သေတာကတော့ စီမံကိန်း၂လမ်းကတစ်ဦး တိုးချဲ့သစ်ဘက်က ၁ဦး။ အမျိုးသားတွေချည်းပဲ။ တယောက်ရဲ့အလောင်းကိုတော့ လမ်းထဲကသူတွေကဆွဲလိုက်နိုင်တယ်။ တယောက်ကတော့ တပ်ကယူသွားတယ်လို့သိရတယ်။ ကျည်မှန်တဲ့သူတွေကိုလည်း အသင်းတွေက သွားမကူနိုင် ဘူးဖြစ်နေတယ်။ လူနာကယ်သူတွေကို
လူရောကားရောဖမ်းတာတွေလုပ်လို့ရှောင်နေကြရတယ်။"ကျောက်ကြီးစုရပ်ကွက်က ပရဟိတအသင်းအဖွဲ့က တာဝန်ခံတစ်ဦးကပြောပြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပဲခူးမြို့ပေါ်ရှိ
ဖြူစင်မေတ္တာပရဟိတအသင်းနဲ့ ကလျာဏ
မိတ္တ အသင်းကားနဲ့အသင်းသား အချို့ ဟာ နာရေးပို့ဆောင်ပေးရာက လမ်းမှာ ဖမ်းဆီးခံရတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
No comments:
Post a Comment