5.4.2021
မန္တလေး မနော်ဟရီလမ်းပေါ်တွင် အပစ်ခံရသည့် အမျိုးသမီးငယ် နာရေး ယနေ့ပြုလုပ်
ဧရာဝတီ၊ ဧပြီ ၅၊ ၂၀၂၁
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းပေါ်၌ ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်များက သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားသော အသက် ၁၈ နှစ် အရွယ် မထက်ထက်ဝင်း၏ နာရေးကို ယနေ့ ပြုလုပ်ခဲ့သည်။
ယမန်နေ့ညက ခင်ပွန်းဖြစ်သူနှင့် အတူ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မနော်ဟရီလမ်းနှင့် ၅၄ လမ်း အနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး မထက်ထက်ဝင်းမှာ သေနတ်ဒဏ်ရာဖြင့် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့သည်။ ပစ်ခတ်မှုကြောင့် ခင်ပွန်းဖြစ်သူပါထိမှန်ခဲ့သော်လည်း ဒဏ်ရာများဖြင့် လွတ်မြောက်ခဲ့သည်။
ခင်ပွန်းဖြစ်သူမှာလည်း ထိုသေနတ်ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေရသည်။
No comments:
Post a Comment