Friday, April 2, 2021

ဦးခေါင်းကျည်ထိမှန်ခဲ့တဲ့ ဘဏ်၀န်ထမ်း မစုစုကြည်ကွယ်လွန်

2.4.2021


ဦးခေါင်းကျည်ထိမှန်ခဲ့တဲ့ ဘဏ်၀န်ထမ်း မစုစုကြည်ကွယ်လွန် 


ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ညနေပိုင်းက ရန်ကုန်မှာ တောင်ကိုရီးယားဘဏ် Shinhan ဘဏ် ကြိုပို့ယာဉ် ပစ်ခတ်ခံရမှုမှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့ ဘဏ်ဝန်ထမ်း မစုစုကြည်ဟာ ဒီနေ့မနက် ကွယ်လွန်သွားပြီလို့ မိသားစုနဲ့ နီးစပ်သူက အတည်ပြုပါတယ်။

သူ့ရဲ့နာရေးကို ဒီနေ့ရန်ကုန်မှာပဲ ချက်ချင်းပြုလုပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

မစုစုကြည် လိုက်ပါလာတဲ့ ဘဏ်ဝန်ထမ်းကြိုပို့ယာဉ်ဟာ မတ် ၃၁ ရက်ညနေပိုင်းမှာ ဦးချစ်မောင်လမ်းအတိုင်း မောင်းနှင်လာစဉ်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

မစုစုကြည်ကို ရန်ကုန်ဆေးရုံကြီးမှာ ပို့ဆောင်ကုသနေစဉ် ဒီနေ့ ဧပြီ ၂ ရက် မနက် ၉ နာရီခန့်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။





No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...