Tuesday, March 9, 2021

မလွှကုန်း မီးရထားဝင်း စစ်တပ်နှင့်ရဲများဝင်စီး

 မလွှကုန်း မီးရထားဝင်း စစ်တပ်နှင့်ရဲများဝင်စီး

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်းမီးရထားဝင်းသို့ နံနက် ၆ နာရီခွဲခန့်တွင် စစ်တပ်နှင့် ရဲများ ပိတ်ဆို့ထားပြီး ဝင်စီးနေသည်ဟု ဝန်ထမ်းတစ်ဦးကပြောသည်။

"ပထမတော့ ရဲ အယောက် ၃၀ လောက်နဲ့ အယောင်ပြပြီး နောက်ကနေ စစ်ကားတွေ ဝင်ချလာတာ။ ပိတ်ထားတဲ့လမ်းတွေကို ဘက်ဟိုးနဲ့ ကလော်ထုတ်ပြီး ဝင်ချလာတာ အများကြီးပဲ" ဟု ၎င်းကပြောသည်။

မီးရထားဝင်း ဝန်ထမ်းအိမ်ယာ လေးဘက်လေးတန်ကို အကြမ်းဖက် အာဏာသိမ်းလက်နက်ကိုင်အဖွဲ.များက  ပိတ်ဆို့ထားပြီး အထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များလည်းကျန်ရှိနေကြောင်း ရထားဝန်ထမ်းများကပြောသည်။ 

" ၁၅ ပေကုန်းတံတား၊ အောင်သာယာကုန်းတံတား၊ စက်ဆန်း၊ သာယာကုန်း၊ အောင်မင်္ဂလာအနောက်ဖက်ကနေ ဝင်လာနေကြတာ" ဟု  ဒေသခံတစ်ဦးကဆိုသည်။ 

စစ်ကားစုစုပေါင်း ၁၂ စီးနှင့် ဝင်ရောက်လာသည်ဟု သိရှိရသည်။ 

ဝန်ထမ်းအင်အား ၁၀၀၀ နီးပါးရှိသော မလွှကုန်း ဒီဇယ်စက်ခေါင်းပြင်စက်ရုံရှိ ဝန်ထမ်းများသည် ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက CDM လုပ်ထားပြီး ဖိအားပေးခြိမ်းခြောက်မှု အမျိုးမျိုးကြုံခဲ့ရသည်။







No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...