ဗြိတိန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်း ကိုနိုင်ငံခြားရေး ၀န်ကြီးဌာနသို့ပြန်ခေါ်
=========================
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်တို့ကို လွှတ်ပေးရေး တနင်္လာနေ့က ကြေညာချက် ထုတ်ခဲ့တဲ့ ဗြိတိန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်းကို မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ပြောင်းရွှေ့မိန့် ထုတ်ပြန်လိုက်ကြောင်း မြ၀တီ ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။
ဗြိတိန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်းက သံအမတ်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ခန့်အပ်ထားတာ ဖြစ်သလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုကို ခံယူဆဲ ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့တာပါ။
စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီဘက်ကတော့ သံအမတ်ကြီးက သူ့သဘောနဲ့သူ ကြေညာတာသာ ဖြစ်ကြောင်း ဖော်ပြထားတဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်ကို မြ၀တီ ရုပ်သံမှာ ဖတ်ပြသွားပါတယ်။
No comments:
Post a Comment