Thursday, March 25, 2021

အာဏာသိမ်းစစ်တပ်ရဲ့တပ်စခန်းတစ်ခုကို ကေအိုင်အေသိမ်း


 အာဏာသိမ်းစစ်တပ်ရဲ့တပ်စခန်းတစ်ခုကို ကေအိုင်အေသိမ်း

လိုင်ဇာ မတ် ၂၅၊ ၂၀၂၁ ခုနှစ်။

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတစ်ခုကို ယနေ့နံနက် ငါးနာရီခန့်က ကေအိုင်အေသိမ်းပိုက်လိုက်သည်ဟု သိရသည်။

အလော့ဘွမ်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်းကို ကေအိုင်အေက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု ကေအိုင်အို၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။

“မနေ့ညနေ ငါးနာရီခွဲအချိန်လောက်ကနေ အလော့ဘွမ်မှာ တိုက်ပွဲဖြစ်တာမှန်ပါတယ်။ ဒီမနက် ငါးခွဲလောက်မှာ အဲဒီစခန်းကို ကျွန်တော်တို့ဘက်က ဝင်စီးပြီလို့ မြေပြင်သတင်းတက်ပါတယ်။ စစ်ရုံးချုပ်က တရားဝင်သတင်းထုတ်ပြန်တာ မရှိသေးဘူး” ဟုပြောသည်။ 

အလော့ဘွမ်အနီးတဝိုက်ရှိ အာဏာသိမ်းစစ်တပ်၏ ကာကင်းစခန်းများတွင် တိုက်ပွဲဖြစ်ပွါးခဲ့သော်လည်း အဓိက တိုက်ပွဲဖြစ်သည့်နေရာမှာ အလော့ဘွမ်စခန်းတွင်ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်သူများကို နစအကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့သည့်နောက်ပိုင်းတွင် ကေအိုင်အေနှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများပြန်လည် ဖြစ်ပွါးခဲ့သည်။

No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...