Thursday, March 25, 2021

အလှူငွေများ ပြန်လည်လှူဒါန်းနိုင်ပြီဖြစ်ကြောင်း

 အလှူငွေများ ပြန်လည်လှူဒါန်းနိုင်ပြီဖြစ်ကြောင်း 

မြန်မာ့မြေပေါ်မှ လက်နက်အားကိုးအနိုင်ကျင့်သည့် စစ်အာဏာရှင်စနစ်အမြစ်ဖြုတ် ဖယ်ရှားနိုင်ရေး အတွက် အားတက်သရော ပါဝင်လှူဒါန်းကြသူများအားလုံးကို မြန်မာပြည်သူများကိုယ်စား CRPH မှ အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။

ဤသို့ အချိန်တိုအတွင်း နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံမှ အားတက်သရော ပါဝင်လှူဒါန်းကြသည့်အတွက်လည်း အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး လက်ရှိအချိန်အထိရရှိထားသော အလှူငွေများသည် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အကူအညီများစွာ ဖြစ်စေပါသည်။

ယနေ့မှစ၍ GoFundMe မှတစ်ဆင့် အလှူငွေ ပြန်လည်လက်ခံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပေးလိုပါသည်။ စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ဖယ်ရှားနိုင်ရေး အတွက် မြန်မာပြည်သူများအား CRPH Website ၏ အောက်ပါ လင့်ခ်မှ တဆင့် ဆက်လက် ကူညီသွားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

https://crphmyanmar.org/donate/



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...