စစ်ကောင်စီအကြမ်းဖက်အုပ်စုရဲ့ ပစ်ခတ်မူ့ကြောင့် မိုးညှင်းမြို့ဝမ်းဗိုက်ကျည်အစစ်ထိမှန်သူတစ်ဦး ယနေ့နေ့လည်က သေဆုံးခဲ့သည်
မတ်လ၂၅ရက် မနက်ပိုင်းက မိုးညှင်းစက်ကုန်းရပ်ကွက်အတွင်းလမ်းလျောက်သပိတ်ချီတက်သူများကို အကြမ်းဖက်အုပ်စုက အင်အားသုံးဖမ်းဆီးလို့ ဖမ်းဆီးခံရသူ ၁၀ယောက်ပြန်လည်လွတ်ပေးဘို့၊ မိုးညှင်းရဲစန်းတွင် သံဃာတော်များကဝင်ရောက်ညှိနှိုင်းနေချိန် ရဲစခန်းပြင်ပနှင့် မြို့နယ်တရားရုံးရှေ့ တွင် စုဝေးနေသော လူစုအား ရဲတပ်ဖွဲ့ကလူစုခွဲရန်ပြောကြားခဲ့ပြီးနောက် ပစ်ခတ်ဖြိုခွင်းခဲ့ချိန်မှာ မိုးညှင်းမြို့အောင်သပြေ(၃)ရပ်ကွက်နေ ဦးဝင်းဆွေအား ဝမ်းဗိုက်ကျည်ထိလို့ အူပွင့် သည့်ဒဏ်ရာကြောင့် နေ့လည်(၁)နာရီမှာသေဆုံးသွားပါတယ်။အခြား ဒဏ်ရာရသူ (၆)ဦးခန့်ရှိခဲ့ပြီး ဝမ်းဗိုက်ကျည်ထိမှန် သူ ဦးဝင်းဆွေကတော့ ယနေ့နေလည် ၁နာရီအချိန်က သေဆုံးခဲ့တယ်လို့သိရသည်။
No comments:
Post a Comment