မြန်မာ့ပထမဆုံး ဂြိုဟ်တုအစီအစဉ် ဂျပန်ဆိုင်းငံ့
~~~~~
■ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂြိုဟ်တု လွှတ်တင်ရေးအစီအစဉ်ကို ဂျပန်နိုင်ငံက ဆိုင်းငံ့လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ဆိုင်းငံ့လိုက်တာပါ။
အမေရိကန်ဒေါ်လာ ၁၅ သန်း ကုန်ကျတဲ့ ဂြိုဟ်တုကို ဂျပန် ဟော့ကိုင်းဒိုး တက္ကသိုလ်နဲ့ မြန်မာအာကာသ အင်ဂျင်နီယာတက္ကသိုလ် MAEU တို့ ပူးတွဲတည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ အလေးချိန် ၅၀ ကီလိုဂရမ်စီ လေးတဲ့ နှစ်လုံးတွဲ ဂြိုလ်တုဖြစ်ပြီး၊ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေကို စောင့်ကြည့်လေ့လာဖို့ ကင်မရာတွေ တပ်ဆင်ထားကြောင်း သိရပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဂျပန်အရာရှိတချို့တော့ အဲဒီကင်မရာတွေကို မြန်မာစစ်အစိုးရက စစ်ရေးအတွက် အသုံးချမှာ စိုးရိမ်နေကြပါတယ်။
ဒီအစီအစဉ်မှာပါဝင်တဲ့ ဟော့ကိုင်းဒိုး တက္ကသိုလ်အရာရှိနှစ်ဦးကတော့ ဒီဂြိုဟ်တုအစီအစဉ်ဟာ စစ်ရေးအတွက် ပုံစံထုတ်ထားတာ မဟုတ်ကြောင်း၊ ဂြိုဟ်တုရဲ့ အချက်အလက်တွေကို မြန်မာအနေနဲ့ လွတ်လွတ်လပ်လပ် ရရှိနိုင်မှာမဟုတ် ကြောင်းပြောဆိုကြပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ မြန်မာအာကာသအင်ဂျင်နီယာတက္ကသိုလ် MAEU ရဲ့ ပါမောက္ခချုပ် ဒေါက်တာကြည်သွင်နဲ့လည်း အဆက်အသွယ် မရတော့ကြောင်း ပြောပါတယ်။
No comments:
Post a Comment