မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်ရှိ သဲချောင်းတံတား မိုင်းခွဲခံရ
ဧရာဝတီ၊ မတ် ၁၃၊ ၂၀၂၁
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းရှိ မဲဇာဘူတာမရောက်ခင် ၆ မိုင်ခန့် အကွာ သဲချောင်းရွာအနီးရှိ သဲချောင်းတံတားမှာ မနေ့ည ၁၁ နာရီအချိန်တွင် မိုင်းခွဲဖျက်စီးခံရခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
သဲချောင်းကျေးရွာ ဒေသခံတဦးက "ညက ငလျင်လှုပ်သလိုမျိုးအသံကြီး ကြားလိုက်တယ်။ အိမ်တွေတောင် တုန်သွားတယ်။ မိုင်းဖောက်ခွဲတယ်လို့လည်း ပြောကြတယ်" ဟု ပြောသည်။
အဆိုပါ တံတားမှာ မန္တလေး- မြစ်ကြီးနား မီးရထားလမ်းဖြတ်သန်းသွားရာ လမ်းပိုင်းတနေရာဖြစ်ပြီး ယင်းသို့ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့်အတွက် ရထားသွားလာ၍ မရတော့ကြောင်းနှင့်၊ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။
No comments:
Post a Comment