Friday, March 12, 2021

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အကြမ်းဖက်ဝင်ရောက် ပစ်ခတ်

 12.3.2021


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာဘက်မှာ မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွက အကြမ်းဖက်ဝင်ရောက် ပစ်ခတ်တာတွေရှိခဲ့ပါတယ်။


အိမ်ရာဘက်မှာ ဆန္ဒပြတာ သပိတ်စခန်း ဖွင့်တာမရှိပဲ ဝင်ရောက် ပစ်ခတ်တာဖြစ်ပြီး အခန်းတချို့ကိုလည်း ဖျက်စီးဝင်ရောက်ကာ လူဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိတယ်လို့ အိမ်ရာမှာ နေထိုင်သူတချို့က ဆိုကြပါတယ်။ မြရည်နန္ဒာအိမ်ရာထဲက မမ-၁၅ တိုက်အမှတ် (၂၁) အခန်း(၁၆) မှာဆိုရင် ဝင်ရောက်ရိုက်ချိုးဖျက်ဆီးသွားပြီး အိမ်ရှင်ကိုလည်း ရိုက်နှက်ဖမ်းဆီးသွားတဲ့အပြင် ဆိုင်ကယ်တွေပါ ယူဆောင်သွားတာရှိတယ်လို့ သိရပါတယ်။


ဒါ့အပြင် တခြားအခန်းတွေကိုလည်း ဝင်ရောက်ဖျက်ဆီးခြိမ်းခြောက်တာတွေရှိပြီး အငြိမ်းစားဝန်ထမ်း ပင်စင်စားသက်ကြီးရွယ်အိုတွေက ထိုင်ရှိခိုးတောင်းပန်တာကြောင့် ထွက်သွားတာတွေရှိတယ်လို့ မျက်မြင်တွေ့သူ တစ်ဦး က ဆိုပါတယ်။


မြရည်န္ဒာအိမ်ရာမှာ အငြိမ်းစားဝန်ထမ်းတွေအများဆုံးနေထိုင်ကြပါတယ်။ ညနေ ၅ နာရီလောက်မှာ အကြမ်းဖက်တိုက်ခိုက်သူ တပ်ဖွဲ့ဝင်တွေဟာ ပြန်လည်ဆုတ်ခွါခဲ့ပြီး လမ်းတလျှောက်ပစ်ခတ်တာတွေ လုပ်သွားခဲ့ကြပါတယ်။











No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...