12.3.2021
နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူတွေအတွက် စစ်ကိုင်းတောင်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သံဃာတော်တွေ ဆုတောင်းမေတ္တာပို့ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှေ့မှာ မတ်လ ၁၂ ရက်နေ့ည ၇ နာရီအချိန်က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဆရာတော်တွေနဲ့ လူပုဂ္ဂိုလ်အချို့က နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေနဲ့ လက်ရှိမြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပပျောက်စေဖို့ ဆုတောင်းမေတ္တာပို့သပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖော်ခဲ့ကြပါတယ်။
စစ်ကိုင်းမြို့နယ်အနှံ့က ရပ်ကွက်ကျေးရွာအချို့တွေမှာလည်း နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသူတွေအတွက် ဆုတောင်းမေတ္တာပို့သပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment