Monday, March 8, 2021

မြစ်ကြီးနား ဆန္ဒပြပြည်သူများကို စစ်တပ်က ပစ်၍ ၂ ဦးကျဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆန္ဒပြလူထုကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က ပစ်ခတ်သဖြင့် ၄ ဦး ကျည်ထိ ဒဏ်ရာများရရှိကာ ၂ ဦး သေဆုံးသွားကြောင်း ကနဦး သတင်းရရှိသည်။ 

သေဆုံးသွားသူ ၂ ဦးမှာ အမျိုးသားများဖြစ်ပြီး ဦးခေါင်းများတွင် ကျည်ထိမှန်သွားခြင်းဖြစ်သည်။ 

ကျန် ဒဏ်ရာရရှိသူ  ၄ ဦးမှာ ဝမ်းဗိုက်၊ ကျောကုန်းနှင့် လက်မောင်းတို့တွင် ထိခိုက်ဒဏ်ရာများရထားခြင်း ဖြစ်သည်။ 

ထိခိုက်ဒဏ်ရာ ရသူများကို ကယ်ဆယ်ရေး လုပ်ပေးနေသူတဦးက  “ခေါင်းကိုပဲ ထိတာ နှစ်ဦးပါ။ နှစ်ယောက်လုံး ခေါင်း တွေပွင့်ထွက်သွားတာပါ” ဟု ပြောသည်။ 

ဆန္ဒပြလူထုထံမှ သိရှိရသည့် သတင်းအချက်အလက်အရထိခိုက်ဒဏ်ရာ ရရှိထားသူ ၂ဦးထဲတွင်  ဝမ်းဗိုက်၊ လက်မောင်းတို့တွင် ထိခိုက် ထားသူတို့မှာ ကျည်အစစ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ပြောဆိုသော်လည်း ကျန် ၂ဦးမှာ ကျောကုန်းနှင့် လည်ပင်းတို့တွင် ရာဘာကျည်များ ထိမှန်ထားခြင်း ဖြစ်သည်ဟု သိရသည်။ 

မြစ်ကြီးနားမြို့တွင် ယနေ့မနက် ၈နာရီခွဲခန့်ကတည်းက ဆန္ဒပြမည့် လူထုကို စုဝေးမရအောင် စစ်တပ်နှင့် ရဲတပ်ဖွဲ့များက လိုက်လံဖြိုခွင်းနေခြင်း ဖြစ်သည်။ 

လူထုက ဖြိုခွင်းနေသည့် ကြားမှ ဆိုင်ကယ်များဖြင့် ထွက်လာကာ လမ်းပေါ်တွင် ဆန္ဒပြခဲ့ကြသည်။ 

စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဖြိုခွင်းရန် ကြိုးစားနေစဉ် ကတ်သလစ်အသင်းတော်မှ စစ်စတာတဦးက ဖြိုခွင်းခြင်းမပြုရန် ဒူးထောက် တောင်းပန်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ၁၂ နာရီခွဲခန့်တွင် စတင် ပစ်ခတ်ဖြိုခွင်း ဖြစ်သည်။








No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...