Monday, March 8, 2021

မတ်လ (၈) ရက်နေ့ တွင် ဖွင့်လှစ်ရမည်ဟု ညွှန်ကြားထားသော်လည်း ပုဂ္ဂလိကဘဏ်များ ဖီဆန်မှုပြုပြီး ဘဏ်များမဖွင့်

 ယနေ့ (မတ် ၈) ဘဏ်မဖွင့်ပါက အရေးယူမည်ဟု စစ်ကောင်စီက ညွှန်ကြးထားသော်လည်း ဘဏ်များ ပိတ်ထားဆဲဖြစ်သည်။ ပုဂ္ဂလိကဘဏ်များဖြစ်သည့် ဧရာဝတီ၊ ကမ္ဘောဇ၊ မြန်မာအရှေ့တိုင်းဘဏ်၊ ရွှေဘဏ် အပါအဝင် ဘဏ်အများအပြား ပိတ်ထားသည်ကို တွေ့ရပြီး ငွေသားထုတ်ယူခြင်း၊ ငွေအပ်နှံခြင်း စသည့် ဝန်ဆောင်မှုများလည်း လည်ပတ်ခြင်း မရှိသည်ကို တွေ့ရသည်။

ဘဏ်များပိတ်ထားခြင်းကြောင့် ငွေသားစီးဆင်းမှုရပ်တံ့နေပြီး ကုန်သွယ်မှုများနှောင့်နှေးကျန့်ကြာခြင်း ကြောင့် အမြန်ဆုံးပြန်ဖွင့်ရန် စစ်ကောင်စီက အပူတပြင်းလုံးပမ်းနေပြီး မြို့ကြီးများ၊ နယ်စပ်ကုန်သွယ်ရေး အတွက်အဓိကကျသည့် ဘဏ်ခွဲများဖွင့်လှစ်ရန် ညွှန်ကြားထားသည်။ အခြားတစ်ဖက်တွင်မူ ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကာ စစ်အုပ်ချုပ်ရေးယန္တရားအတွက် ငွေကြေးစီးဆင်းမှုရပ်ဆိုင်းသွားရန် ရည်မှန်းထားကြသည်။









No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...