Sunday, March 21, 2021

CRPH မှ အလုပ်နေရာနှင့်နစ်နာမှုများအတွက် အာမခံချက်ပေးမည်ဖြစ်ကြောင်း ကြေညာခြင်း

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမားဝန်ကြီးဌာန

အမိန့်ကြေညာစာအမှတ် (၁/၂၀၂၁)

၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်

(၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်)

-----------------------------

အလုပ်နေရာနှင့်နစ်နာမှုများအတွက် အာမခံချက်ပေးမည်ဖြစ်ကြောင်း ကြေညာခြင်း

================

၁။ အာဏာသိမ်းအကြမ်းဖက်အုပ်စု၏ လက်ပါးစေများက (၂၂-၃-၂၀၂၁) ရက်နေ့တွင် ရုံးများ၊ ကျောင်းများ ပြန်တက်ကြရန် အမိန့်ပေး ညွှန်ကြားချက်များထုတ်ပြန်ပြီး မလိုက်နာပါက အလုပ်မှ ယာယီရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်းနှင့် ဝန်ထမ်းအိမ်ရာများမှ ဖယ်ရှားခိုင်းခြင်းများသည် တရားမဲ့ပြုကျင့်မှုများဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ဖြစ်သည်။

၂။ ထိုသို့အခွင့်အရေးချိုးဖောက်မှုများကို အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးဥပဒေများအတိုင်း တရားစွဲဆို အပြစ်ပေး သွားမည်ဖြစ်သည်။

၃။ အာဏာသိမ်းအကြမ်းဖက်အုပ်စုနှင့် လက်ပါးစေများ၏ မတရားအပြစ်ပေး အရေးယူခံရသော နိုင်ငံ့ဝန်ထမ်း များအား ပြည်သူ့အစိုးရက အလုပ်နေရာနှင့်နစ်နာမှုများကို မူလအတိုင်းပြန်လည်ရရှိစေရေး အတွက် အပြည့်အဝ အာမခံမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...