ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အမိန့်ကြေညာစာအမှတ် (၁/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်)
----------------------------
ထိရောက်စွာ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း ကြေညာခြင်း
====================================
၁။ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများကို အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု လက်ပါးစေများက (၂၂-၃-၂၀၂၁) ရက်နေ့တွင် ရုံးများ၊ ကျောင်းများပြန်တက်ကြရန် ထုတ်ပြန်သော ညွှန်ကြား ချက်များသည် ပြည်သူ့အစိုးရအဖွဲ့က အတည်ပြုထုတ်ပြန်သော ညွှန်ကြားချက်များမဟုတ်၍ တရားဝင်မှုမရှိ ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
၂။ ထိုတရားမဝင်သော ညွှန်ကြားချက်များအား ထုတ်ပြန်သူများ၊ အကောင်အထည် ဖော်ဆောင်ရွက်သူများကို နိုင်ငံတော်ပုန်ကန်မှုတွင် ပူပေါင်းကြံစည်သူများအဖြစ် တရားဥပဒေကြောင်းအရ ပြင်းထန်စွာအပြစ်ပေး အရေးယူ သွားမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။
No comments:
Post a Comment