ကရင်တိုင်းရင်းသားများသပိတ်စစ်ကြောင်း ကေအင်န်ယူ တပ်ဖွဲ့များ လုံခြုံရေးလိုက်ပါလာပါတယ်။
8.3.2021
ထားဝယ်
ထားဝယ်ခရိုင်၊ မေတ္တာမြို့ ခမောင်းသွယ်ဒေသတွင် စစ်အာဏာရေး ချီတက်ခဲ့ကြသည့် ကရင်တိုင်းရင်းသားများ၏ သပိတ်စစ်ကြောင်းကို ကေအင်န်ယူ တပ်မဟာ ၄ တပ်ဖွဲ့ဝင်များက လက်နက်ကိုင်ဆောင်၍ လုံခြုံရေးလိုက်ပါပေးခဲ့ကြသည်။
ကရင်တိုင်းရင်းသားအင်အား နှစ်ထောင်ကျော်ပါဝင်သည့် သပိတ်စစ်ကြောင်းသည် မြေးခံဘော်ကျေးရွာမှ ခေါင်းဆေးချောင်းကျေးရွာအနီးအထိ မတ်လ ၈ ရက် နံနက် ၇ နာရီခွဲ့ခန့်က ချီတက်ခဲ့ကြသည်။
ယင်းသပိတ်စစ်ကြောင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ ဒေသခံကရင်တိုင်းရင်းသားများ၊ ကေအင်န်ယူတပ်ဖွဲ့ဝင်များ ပါဝင်ချီတက်ခဲ့ကြသည်။
No comments:
Post a Comment