Sunday, March 7, 2021

ဖမ်းဆီးမှုတွေကြားက စတင်လိုက်တဲ့ ကြည့်မြင်တိုင်လူငယ်သပိတ်

 ဖမ်းဆီးမှုတွေကြားက စတင်လိုက်တဲ့ ကြည့်မြင်တိုင်လူငယ်သပိတ်

ဧရာဝတီ၊ မတ် ၈၊ ၂၀၂၁

ဒီကနေ့ မနက် အစောပိုင်းမှာကတည်းက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမယ့်သူတွေ ထွက်မလာနိုင်အောင် စမ်းချောင်း အပါအဝင် မြို့နယ် တချို့မှာ လူနေရပ်ကွက်တွေ အတွင်းထိ ပိတ်ဆို့ဖမ်းဆီးမှုတွေ ပစ်ခတ်မှုတွေ လုပ်နေပေမယ့် လူငယ်တွေဟာ နည်းလမ်း အမျိုးမျိုးနဲ့ ထွက်လာပြီး သပိတ်စစ်ကြောင်းတွေကို စုစည်းနိုင်တာကိုတွေ့ရပါတယ်။ 

ဒီမနက် ၈ နာရီလောက်က စမ်းချောင်းဘက်မှာ ရပ်ကွက်တွေအတွင်းအထိ အတင်းအကြပ် ဖမ်းဆီးမှုတွေ၊ ပစ်ခတ်မှုတွေ လုပ်ပေမယ့် ကြည့်မြင်တိုင်ဘက်မှာလူငယ်တွေက သပိတ်စစ်ကြောင်း ပြုလုပ်လိုက်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြုလုပ်နေကြပါတယ်။ 

တဖြည်းဖြည်း စုစည်းလာတဲ့ ကြည့်မြင်တိုင် သပိတ် စစ်ကြောင်းဟာ မနက် ၁၁ နာရီလောက်မှာ လူဦးရေ တထောင်ကျော်လောက်ထိ ဖြစ်လာတာတွေ့ရပါတယ်။ 



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...