Sunday, March 7, 2021

နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီးအား ၅၀၅-ကဖြင့် အမှုဖွင့်ထား၊ CDM ဝန်ထမ်းများအား လှူဒါန်းခြင်းကြောင့်ဖြစ်

 နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီးအား ၅၀၅-ကဖြင့် အမှုဖွင့်ထား၊ CDM ဝန်ထမ်းများအား လှူဒါန်းခြင်းကြောင့်လို့ဆို

===================================

နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူနှင့်ဇနီးအားရာဇသတ်ကြီး CDM ဝန်ထမ်းများကို လှူဒါန်းခဲ့ခြင်းကြောင့် ပုဒ်မ၅၀၅ကဖြင့် အမှုဖွင့် ဝရမ်းထုတ်ထားကြောင်းသိရသည်။

စိစစ်ချက်များအရ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် CDM တွင် ပါဝင် လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့ပေးနိုင်ရေးအတွက် အမည်ခံ၍ 88 Nyein Pwint အပါအဝင်ပြည်တွင်းပြည်ပရှိကုမ္ပဏီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ် စုစုပေါင်း ၄၉၈ ဦး တို့ထံမှ ဖေဖော်ဝါရီ၁၀ရက်မှ မတ် ၃ ရက်အထိ ပေးပို့လှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၆၁၃၃၉၄၃၅၀(ငွေကျပ်သိန်းပေါင်းခြောက်ထောင့်တစ်ရာကျော်)နှင့်အမေရိကန်ဒေါ်လာ၂၀၆၇၀ကိုလက်ခံရရှိခဲ့ကြောင်း၊ ၎င်းအပြင် သိန်းပေါင်းနှစ်သောင်း ထည့်ဝင်ထားသည့် FixDeposit BankAccount ၆ ခုကိုလည်း ဖော်ထုတ်ရရှိခဲ့ကြောင်း စစ်ကောင်စီ လက်ကိုင်တုတ် ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ငွေများအနက်မှ ပြည်နယ်နှင့်တိုင်းဒေသကြီး ၇ ခုရှိ CDM တွင် ပါဝင်လှုပ်ရှားနေသည့် ဝန်ထမ်းများထံသို့ အသင်းအဖွဲ့လူပုဂ္ဂိုလ်များတစ်ဆင့် မတ် ၂ ရက် အထိ ဃီြ တွင် ပါဝင်လှုပ်ရှားနေသူ ဝန်ထမ်း ၂၀၀၈ ဦးခန့်အား တစ်ဦးလျှင် ၁ သိန်းကျပ်မှ ၂ သိန်းကျပ်ခန့်အထိ စုစုပေါင်းငွေကျပ်၂၈၅၆၃၀၀၀၀(သိန်းပေါင်းနှစ်ထောင့်ရှစ်ရာကျော်) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ၎င်းအပြင် ရန်ကုန်မြို့ရှိကွန်တိန်နာယာဉ်မောင်းများ၊မီးရထားဝန်ထမ်းများအား ထောက်ပံ့ပေးခြင်းများဖြင့် CDM ပြုလုပ်ရန် အားပေးအားမြှောက်လုပ်ဆောင်လျက်ရှိကြောင်း၊CDM တွင်ပါဝင်လှုပ်ရှားနေသူများအားအဓိကလှုံ့ဆော်ဆောင်ရွက်နေသည်ဟု စစ်ကောင်စီ လက်ကိုင်တုတ်ဖြစ်သော ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူနှင့် ဇနီးအား မတ်လ ၄ ရက်တွင် မရမ်းကုန်း မြို့မရဲစခန်း၌(ပ/၆၇)၊(၅၀၅က)ဖြင့်အမှုဖွင့်လှစ်ထားကြောင်းသိရသည်။



#MTKChannel #မိုးသောက်ကြယ်


No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...