Sunday, March 21, 2021

စစ်ကိုင်းတိုင်းမှာ အင်အားနည်းတဲ့ ကင်းစခန်းတွေကို ရဲတွေ စွန့်ခွာ

 စစ်ကိုင်းတိုင်းမှာ အင်အားနည်းတဲ့ ကင်းစခန်းတွေကို ရဲတွေ စွန့်ခွာ

By မျက်မှောက်ခေတ်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားရဲကင်းစခန်းက ရဲတပ်သားနှင့် သူတို့ရဲ့မိသားစုတွေအပါအဝင် ၁၅ ဦးခန့် မတ်လ ၂၁ ရက်နေ့က စခန်းကိုစွန့်ခွာကာ အင်းတော်မြို့က ရဲစခန်းကို သွားရောက်ပူးပေါင်းလိုက်တယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။ 

စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ပြည်သူတွေတချို့က ရဲစခန်းတွေကို ဝင်စီးမယ်ဆိုတဲ့သတင်းတွေကြောင့် အင်အားနည်းတဲ့ ရဲကင်းစခန်းတွေက စခန်းစွန့်ခွာမှုတွေ ရှိလာနေတာပါ။ 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကသာခရိုင်အတွင်းက ကောလင်းမြို့နယ်၊ ခံသာရဲကင်းစခန်းကို ဒေသခံတွေ သွားရောက်ဝိုင်းတာမျိုးတွေလည်းရှိခဲ့ပြီး ရဲတစ်ချို့ဒဏ်ရာရတာတွေရှိတဲ့အတွက် စခန်းစွန့်ခွာဖို့ တောင်းဆိုမှုတွေရှိခဲ့ပြီး ကောလင်းမြို့မရဲစခန်းကို သွားရောက်ပူးပေါင်းတာတွေရှိခဲ့ပါတယ်။ 

အလားတူ ကနီမြို့အတွင်းက ကင်း၊ လာပို့၊ နတ်လာဘို့ စတဲ့ရဲကင်းစခန်းတွေကလည်း ရဲမရှိတော့ဘဲ စခန်းစွန့်ခွာမှုတွေရှိနေတယ်လို့ အဆိုပါဒေသခံတွေက ပြောပါတယ်။ လိုင်းခန်းတွေမှာ လူမရှိတော့ဘဲ မိသားစုလိုက်ပြောင်းကြတာလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

မတ်လ ၂၁ ရက်နေ့ ညနေပိုင်းကလည်း မုံရွာမြို့‌ေပါ်ရှိ နယ်မြေရဲစခန်းအနီးမှာ ရဲနှင့် ရပ်ကွက်နေပြည်သူတချို့နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ကာ ပြည်သူသုံးဦး သေနတ်ထိမှန်လို့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...