Sunday, March 21, 2021

 မတ်လ ၃၁ကို CDM နောက်ဆုံးတံခါးပိတ်ရက်အဖြစ် သမ္မတရုံး သတ်မှတ်

~~~~~~

■ ဒီကနေ့ မတ်လ၂၂ရက်မှာ ရုံးတွေကျောင်းတွေ ပြန်တက်ဖို့ စစ်ကောင်စီက ဖိအားပေးနေချိန်မှာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုရဲ့ တံခါးကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ခြွင်းချက်မရှိ ပိတ်သိမ်းမယ်ဆိုတဲ့ ကြေညာချက်ကို သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ယာယီတာဝန်ယူထားတဲ့ ဦးလွင်ကိုလတ်က မနေ့ကပဲ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ 

ပြည်သူတွေနဲ့အတူ သစ္စာရှိရှိ ရပ်တည်တိုက်ပွဲဝင်တဲ့ CDM ဝန်ထမ်းတွေကို ဦးဆောင်မှုကဏ္ဍတွေမှာ ဂုဏ်ပြုတာဝန်ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်မှု ယန္တရားသစ်ကို တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဒေါက်တာဇော်ဝေစိုးကလည်း ဝန်ထမ်းတွေ မတ်လ ၂၂ ရက် မှာ လုပ်ငန်းခွင်ပြန်ဝင်ဖို့ စစ်ကောင်စီက အမိန့်ထုတ်တာဟာ တရားမဝင်ဘူးလို့ မနေ့ကပဲ ကြေညာချက် တစ်စောင်ထုတ်ပြန်ပါတယ်။

အမိန့်ထုတ်တဲ့သူရော၊ အမိန့်ကိုလိုက်နာပြီး လုပ်ငန်းခွင်ပြန်ဝင်သူရောကို နိုင်ငံတော်ပုန်ကန်မှုမှာ ပူးပေါင်းကြံစည်သူတွေအဖြစ် ဥပဒေကြောင်းအရ အပြစ်ပေး အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဒေါက်တာဇော်ဝေစိုးက အလုပ်သမားဝန်ကြီးအနေနဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက် နောက်တစ်ခုထဲမှာတော့၊ စစ်ကောင်စီရဲ့ အမိန့်ကိုနာခံပြီး CDM ဝန်ထမ်းတွေကို အလုပ်က ရပ်ဆိုင်းတာတွေ၊ ဝန်ထမ်းအိမ်ရာတွေပေါ်က နှင်ချတာတွေဟာ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်လို့ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးဥပဒေတွေအတိုင်း တရားစွဲဆို အပြစ်ပေးသွားမယ်လို့ ရေးထားပါတယ်။

 စစ်ကောင်စီ နောက်လိုက်တွေရဲ့ လက်ချက်ကြောင့် ဝန်ထမ်းတွေအနေနဲ့ အလုပ်နေရာအပါအဝင် ဆုံးရှုံးနစ်နာမှုတွေကို မူလအတိုင်း ပြန်လည်ရရှိစေဖို့ လည်း အပြည့်အဝအာမခံတယ်လို့ အဲဒီကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။



- Unicode

No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...