တိုက်ပွဲဟာ ရှောင်လို့ မရနိုင်တော့ဘူး။
လမ်းပေါ်ထွက်လို့ ပစ်တာမဟုတ်ဘူး။ ဆန္ဒပြလို့ ပစ်တာ မဟုတ်ဘူး။ ပစ်ချင်လို့ကို ပစ်နေတာ၊ သတ်ချင်လို့ကို သတ်နေတာ။
ကြောက်လို့ပုန်းနေလည်း အိမ်တံခါးကို ကန်ဖွင့်၊ ခေါင်းထဲ ကျည်တတောင့် ပစ်ထည့်ချင် ထည့်မှာပဲ။ ဖခင်ရင်ခွင်ထဲ ပြေးပုန်းတဲ့ ခုနစ်နှစ်သမီးလေးကို ပစ်ထည့်လိုက်တဲ့ ဆိုးယုတ်မှုဟာ ခင်ဗျားတို့ ကျွန်တော်တို့ အလှည့် မကြာခင်ရောက်လာမှာပဲ
လည်စင်းခံမလား၊ ပြန်တွန်းလှန်မလား
တချိန်က အခုလိုပဲ ဆိုးယုတ်တဲ့ ဖက်ဆစ်တွေကို ပြည်သူက ရရာလက်နဲ့နဲ့ တော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးနေ့။ မတ် ၂၇။
လူယုတ်မာတွေက တော်လှန်ရေးဆိုတာ ကြောက်ပြီး တပ်မတော်နေ့ လို့ ပြောင်းလိုက်တယ်
ပြည်သူကို တော်လှန်ရေးနေ့ ပြန်ပေး။
တပေါင်းတိုက်ပွဲကနေ တော်လှန်ရေးနေ့ အစစ်ဟာ ဘာလဲဆိုတာ ပြကြမယ်။
တိုက်ပွဲဟာ ရှောင်လို့ မရနိုင်တော့ဘူး။
No comments:
Post a Comment