ရန်ကုန် NLD ရုံးချုပ် မီးကွင်းပစ်ခံရ
Myanmar Now
ယနေ့ (မတ် ၂၆) နံနက်အစောပိုင်းက ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမပေါ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်အတွင်းသို့ မီးကွင်းပစ် မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦးထံမှ သိရသည်။
ယနေ့နံနက် ၄နာရီကျော်တွင် ဟိုက်ဂျက်ကားတစ်စီးဖြင့် မည်သူမည်ဝါမှန်းမသိရသေးသူများက မီးကွင်းပစ်ရာမှ စတင်မီးလောင်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေပြည်သူများက ဝိုင်း၍ ငြိမ်းသတ်ပေးမှုကြောင့် ၄ နာရီ ၄၅တွင် မီးငြိမ်းသွားသည်ဟု သိရသည်။
“ဟိုက်ဂျက်နဲ့လာပစ်တာ။ ဟိုက်ဂျက်တစ်စီးဖြတ်မောင်းသွားတဲ့အချိန်မှာ ဘုန်းခနဲ့ အသံထွက်လာပြီး မီလောင်တာ။ ဘယ်နှစ်ယောက်လဲ မသိလိုက်ဘူး။ မီးလောင်တာသိတော့ ရပ်ကွက်က ငြိမ်ပေးလိုက်တာ” ဟု NLDရုံးချုပ်မီးလောင်မှုကို ငြိမ်းသက်ရာတွင်ပါဝင်ခဲ့သူတစ်ဦးက Myanmar Nowသို့ ပြောသည်။
မီးလောင်မှုကြောင့် NLD ရုံးချုပ်တံခါးများ၊ ပရိဘောဂပစ္စည်းများနှင့် ရေမော်တာတစ်လုံးလည်း ပျက်စီး ဆုံးရှုံးသွားပြီး မီးရှို့ခံရမှုအပေါ် အမှုဖွင့်ဆောင်ရွက်သွားမည်ဟု NLD ပါတီမှ ဦးစိုးလေးက Myanmar Now ကို ပြောသည်။
NLD ပါတီရုံးချုပ် မီးလောင်နေချိန်တွင် ရပ်ကွက်နေပြည်သူများက ဘုံပိုင်ရေပိုက်ခေါင်းများမှ ရေဖြင့် မီးသတ်ရန် လုပ်ဆောင်ခဲ့သော်လည်း ရေလုံးဝ မလာကြောင်း အထက်ပါ ပြည်သူက ရှင်းပြသည်။
“ထူးခြားတာက ရေဖြတ်ထားတယ်။ NLD ရုံးတဝိုက်မှာရေလုံးဝမလာဘူး။ မီးငြိမ်ဖို့ ရေငုတ်ကိုဖွင့်တော့ ရေမလာဘူး။ ကျွန်တော်တို့ ရေပုံးတွေနဲ့ယူပြီး မီးငြိမ်လိုက်ရပါတယ်။ ကားရေဆေးဖို့ လုပ်ထားတဲ့ ရေပိုက်ခေါင်းတွေက ရေမလာဘူး။ မီးသတ်ဆေးဗူးတွေအဆင်သင့်ရှိနေလို့သာ ကျွန်တော်တို့ မီးငြိမ်းနိုင်ခဲ့တာ”ဟု ၎င်းက ပြေသည်။
မီးကွင်းပစ်သူသည် လမ်းမပေါ်မှာ NLD ရုံးချုပ်အတွင်းသို့ ဒီဇယ်ပုလင်းဖြင့် ပစ်ခတ်လိုက်သဖြင့် ရုံးအတွင်းထဲထိ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပြည်သူများက နာရီဝက်ကျော်ကျော် ငြှိမ်းသတ်ခဲ့ရပြီး မီးငြိမ်းသတ်ပြီးမှသာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရောက်ရှိလာခဲ့သော်လည်း ရေမပါကြောင်း သိရသည်။
NLD ဌာနချုပ်မီးရှို့ခံရမှုနှင့်ပတ်သက်၍ ဗဟန်းမြို့နယ် NLD ကိုယ်စားလှယ် ဦးထွန်းမြင့်က “အမည်မသိလူ ရမ်းကားတစ်စုမှ မော်တော်ယာဉ်ဖြင့် လာရောက်မီးကွင်းပစ်သွာခဲ့ပါသည်။ အနီအနားရှိ ပြည်သူများက မီးသတ်ဆေးဘူးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာ ၄:၅၀ခ န့်တွင်မီးငြိမ်းသွားပါသည်။ မည်သည့်တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ လာရောက်ဆောင်ရွက်ခဲ့ခြင်းမရှိပါ” ဟု ၎င်း၏ facebook ပေါ်တွင် ရေးသားထားသည်။
No comments:
Post a Comment