Friday, March 26, 2021

ရမ်ပူရပ်ကွက်မှ နေအိမ်တစ်အိမ်ကိုရဲများ ဝင်ရောက်ရှာဖွေ

 ရမ်ပူရပ်ကွက်မှ နေအိမ်တစ်အိမ်ကိုရဲများ ဝင်ရောက်ရှာဖွေ

မြစ်ကြီးနား၊ မတ်လ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိနေအိမ်တစ်အိမ်ကို ယနေ့မတ်လ ၂၆ ရက်နေ့ နေ့လယ် ၁၂ ခန့်ကရဲအင်အား ၇၀ ကျော်ခန့်ဖြင့် ဝင်ရောက် စစ်ဆေးရှာဖွေခဲ့သည်ဟု မိသားစုဝင်များထံမှ သိရသည်။

အိမ်စီးကား ၁၀ စီးကျော်ခန့်ဖြင့် ရဲအင်အားစုစုပေါင်း ၇၀ ကျော်ခန့် ရောက်ရှိလာကာ နေအိမ်သော့များဖျက်ဆီး၍ ဝင်ရောက်ရှာဖွေခဲ့သည်ဟု အိမ်သားတစ်ဦးက The 74 Media ကို ပြောသည်။

“ဖျက်ဆီးတဲ့သူတွေက အယောက် ၇၀ ကျော်တယ်၊ နေ့လယ်ပိုင်း ၁၂ ကျော်လောက်ကျတယ်၊ အကုန်လုံးသော့တွေရိုက်ဖျက်သွားတာလေ၊ လူအင်အားကို ၇၀ ကျော်လောက်ရှိတယ်" ဟု ပြောသည်။

နေအိမ်အတွင်း ဝင်ရောက်ချိန် ၎င်းအားထိုင်ခိုင်းထားကာ ယမန်နေ့က အကျီဖြူဖြင့် ဓာတ်ပုံရိုက်ကူးခဲ့ခြင်းများ ခင်ဗျားအနေဖြင့် ပြုလုပ်ခဲ့သလားဟု စစ်ဆေးမေးမြန်းရာ မလုပ်ခဲ့ကြောင်း ပြန်ပြောဆိုခဲ့ပြီး ၎င်းတို့မိသားစု၏ အိမ်ထောင်စု နှင့် သူ့ညီလေး၏ ဓာတ်ပုံများကို ဓာတ်ပုံများ ရိုက်ကူးယူသွားသည်ဟုလည်း သူက ဆက်ပြောသည်။

ထို့နောက် ၎င်း၏ ညီနှင့်ပတ်သက်၍လည်း စစ်ဆေးမေးမြန်းကာ သက်သေပစ္စည်းများ လိုက်လံရှာဖွေစစ်ဆေးခဲ့ပြီး ယခုအချိန်တွင် ၎င်း၏ညီဆိုသူသည် ထွက်ပြေး သိမ်းရှောင်နေရကြောင်း သိရသည်။

မတ်လ ၂၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့စီတာပူရပ်ကွက်ရှိနေအိမ်တစ်အိမ်ကို ရဲအင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေခဲ့သည်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...