ဖေဖော်ဝါရီလ တစ်ရက်နေ့က စတင်တဲ့ စစ်ခွေးတွေရဲ့ မတရား အာဏာလုယူမှုဟာ အခုဆိုရင် တစ် ရက်ပေါင်း (၄၀) ခန့် ရှိလာပါပြီ။ တိုင်းသူပြည်သားတွေလည်း ဒီရက်တွေအတွင်းမှာ တစ်ရက်မှ စိတ်အေးချမ်းသာမှုကို မခံစားရပါဘူး။ နေ့တိုင်း ရိုက်နှက်မှုသတင်းတွေ၊ ဖမ်းဆီးမှုသတင်းတွေ၊ သတ်ဖြတ်မှု သတင်းတွေကိုသာ နေ့စဉ်ကြားနေရတာပါ။
အိမ်တွေထဲမှာ နေတဲ့သူတွေတောင် အလကားနေရင် ဝင်ရိုက်နှက်တာ၊ ပစ္စည်းတွေ လုယက်တာ၊ တွေ လုပ်ဆောင်နေကြတာ။ တရားမဲ့လွန်းအားကြီးပါတယ်။
ဒီအတိုင်းဘဲ ငုံ့ခံရတော့မှာလား။ UN ကို မျှော်ဆိုလို့ မျှော်လိုက်ရတာ၊ US ကို မျှော်ဆိုလို့ မျှော်လိုက်ရတာ။ ဘာမှလည်း မဟုတ်တော့ဘူး။ ဒီလိုသာဆိုရင် တို့မျိုးဆက်တွေ၊ တို့လူမျိုးတွေ ဘာဖြစ်တော့မလဲ။ သူတို့ကတော့ အစီအစဉ်တွေ ချမှတ်ထားကြတယ်။ မိတ်ဆွေ အနည်းငယ်နဲ့ဘဲ၊ လူအနည်းအကျဉ်းနဲ့ဘဲ ဒီကမ္ဘာကြီးမျာ နေတော့မယ်တဲ့။
တို့တွေအားလုံးက အဲဒီလို နေနိုင်လို့လား။ မြောက်ကိုရီးယားလို အဖြစ်ခံရတော့မှာလား။
ငါတို့ အခုအချိန်က ပြန်လည် တုန့်ပြန်ရတော့မယ့် အချိန်ရောက်လာပြီ။ ငါတို့ ဒီလို နေလို့မရတော့ဘူး။ ဘယ်သူ့ကိုမှလည်း မျှော်မနေနဲ့တော့။ ငါတို့ လုပ်စရာရှိတာ လုပ်သင့်တဲ့အချိန် ရောက်လာခဲ့ပြီ။
အားလုံး အသင့်ပြင်ကြပါစို့။
No comments:
Post a Comment