Tuesday, March 9, 2021

မြောက်ဥက္ကလာ ကန်သာယာသပိတ်ကိုဖြိုခွင်းပြီး လူအများအပြား ဖမ်းဆီးထား

 မြောက်ဥက္ကလာ ကန်သာယာသပိတ်ကိုဖြိုခွင်းပြီး လူအများအပြား ဖမ်းဆီးထား 

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကြောင်းကို ယနေ့ (မတ် ၁၀) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက အင်အားသုံးဖြိုခွင်းပြီး ဆန္ဒထုတ်ဖော်သူ အများအပြားကို ဖမ်းဆီးခဲ့သည်။

Myanmar Now က ကြည်ရှုခွင့်ရသည့် ရုပ်သံမှတ်တမ်းအရ စစ်ကောင်စီလက်နက်ကိုင်များသည် ဖမ်းဆီး ထားသူများကို ကန်သာယာပန်းခြံအတွင်းသို့ စီတန်းခေါ်ဆောင်နေသည်ကို တွေ့ရပြီး ဖမ်းဆီးခံရသူ ရာနှင့်ချီ ရှိနိုင်ကြောင်း ခန့်မှန်းရသည်။ 

အဖမ်းခံရသည့် လူငယ်များကို ပြည်သူများ ပြန်ခေါ်ထုတ်ရန် ကြိုးပမ်းချိန် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ခေမာသီလမ်းမဘက်မှ ရာနှင့်ချီသော လက်နက်ကိုင်တပ်ဖွဲ့များ တက်လာကြောင်း မြောက်ဥက္ကလာမြိုခံ တစ်ဦးက ပြောသည်။

မြောက်ဥက္ကလာမြို့နယ်တွင် မတ်လ ၃ ရက်က လူသေဆုံးမှုများ ရှိသည်အထိ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်း ခံခဲ့ရသော်လည်း ယနေ့တွင် ကန်သာယာသပိတ်ကို အင်ဂျင်နီယာများအဖွဲ့၊ လူငယ်များနှင့် သံဃာအချို့ ပူးပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။





No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...