မတ်ပဲသိမ်းရင်း အာဏာရှင်စနစ်ကိုကန့်ကွက်
နေပြည်တော်၊ လယ်ဝေးမြို့နယ် ကြံခင်းစုကျေးရွာနှင့် ကွမ်းခြံကျေးရွာရှိ တောင်သူများက မတ် ၁၀ ရက် နံနက်ပိုင်းတွင် ၎င်းတို့စိုက်ပျိုးထားသည့် မတ်ပဲခင်းများကို ရိတ်သိမ်းရင်း စစ်အာဏာရှင်စနစ်ကိုဆန့်ကျင် ဆန္ဒပြကြသည်။
အာဏာသိမ်းစစ်ကောင်စီက လူထုကို တစ်ရစ်ပြီးတစ်ရစ်တိုး၍ နည်းမျိုးစုံဖြင့်ဖိနှိပ်၊ အကြမ်းဖက်နေသော်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)နှင့် စစ်အာဏာရှင် အမြစ်ဖြုတ်ရေးလှုပ်ရှားမှုများကို ပြည်သူတို့က နိုင်ငံအနှံ့ ပုံသဏ္ဍာန်မျိုးစုံသုံး၍ အရှိန်အဟုန်ဖြင့်ဆန့်ကျင်နေဆဲဖြစ်သည်။
No comments:
Post a Comment