Thursday, March 25, 2021

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံနှင့် နိုင်ငံရေးတွင်တပ်ပါဝင်မှုအဆုံးသတ်မှုရန် စစ်ကောင်စီကို KNU ဥက္ကဌတောင်းဆို

 ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံနှင့် နိုင်ငံရေးတွင်တပ်ပါဝင်မှုအဆုံးသတ်မှုရန် စစ်ကောင်စီကို KNU ဥက္ကဌတောင်းဆို 

---------------------------------------------

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချဉ်းကပ်ခဲ့ကြောင်း KNU ဗဟိုဌာနချုပ် ကော်သူးလေ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

တွေ့ဆုံဆွေးနွေးရေးကို KNU က လက်မခံဘဲ ပယ်ချခဲ့ပြီးနောက် တောင်းဆိုချက်ပါ အချက်များကို လိုက်လျောလျှင် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး လက်မှတ်ရေးထိုးထားသော မတ်လ ၂၆ ရက်နေ့စာတွင် ဖော်ပြထားသည်။ 

KNU ၏ တောင်းဆိုချက်တွင် အချက် ၈ ချက်ပါရှိသည်။ ဆန္ဒပြပြည်သူများကို ဖြိုခွဲရန်ဖြန့်ကြက်ထားသည့် ရဲနှင့်စစ်သားများ ပြန်လည်ရုတ်သိမ်းရန်နှင့် အပစ်ရပ်စဲထားသည့်နေရာများမှ တပ်စခန်းများ ပြန်လည်ဆုတ်ခွာရနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်းကြေညာပြီး အကောင်အထည်ဖော်ပေးရန်၊ ဖမ်းဆီးထားသူများပြန်လွှတ်ပေးရန်နှင့်စွဲချက်ခံတင်ထားသောအမှုများအား ပယ်ဖျက်ပေးရန်၊ ဆန္ဒပြနေရာများတွင် ဆေးဝါးကုသခွင့်များအပြည့်အဝပေးရန် ဖော်ပြထားသည်။ 

တောင်းဆိုချက် ၄ ခုမြောက်တွင် NCA စာချုပ်ပါအချက်များကို စစ်သားနှင့်ရဲများက လေးစားလိုက်နာရန်တိုက်တွန်းထားပြီး အပိုဒ်ခွဲဖြင့် 

အချက် (၅) ချက်ကို အသေးစိတ်ရေးသားထားသည်။ လူ့ဂုဏ်သိက္ခာကိုထိခိုက်သော အကြမ်းဖက်ရိုက်နှက်မှု၊ ပြန်ပေးဆွဲမှုနှင့် ဥပဒေမဲ့ဆောင်ရွက်ခြင်းများ ရပ်တန့်ရန်၊ ပစ္စည်းများလုယက်ပြီး ဖမ်းဆီးခံရသူများကိုအတင်းအကျပ်ဝန်ခံစေသည့်နည်းများအသုံးပြုခြင်း၊ တရားစွဲခြင်း၊ ထောင်ချခြင်း မပြုလုပ်ရန်၊ ပြည်သူ့ကျန်းမာရေးအရင်းအမြစ်များနှင့် ဆေးဝါးသယ်ယူခွင့်များကို တားဆီးခြင်းမပြုလုပ်ရန်၊ ဘာသာရေးအဆောက်အအုံနှင့်ကျောင်းများကို ဖျက်ဆီးခြင်း၊ တပ်စွဲခြင်းမပြုလုပ်ရန်၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာစော်ကားခြင်းနှင့် ကလေးသူငယ်များအားဖမ်းဆီးခြင်းမပြုလုပ်ရန်တို့ပါရှိသည်။ 

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းကာလတွင် ထုတ်ပြန်ထားသော ဥပဒေ အမိန့်များအားလုံးကို ရုတ်သိမ်းရန်၊ ပြည်တွင်း ပဠိပက္ခကို စေ့စပ်ညှိနှိုင်းခြင်းဆောင်ရွက်ရန်၊ နိုင်ငံတကာ ကြားဝင် စေ့စပ်ညှိနှိုင်းမှုကို သဘောတူလက်ခံရနှင့်အမျိုးသားညီညွတ်ရေးအစိုးရ တပ်ရပ်ဖွဲ့စည်းပြီး အာဏာလွဲပြောင်းပေးရန်၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ထောင်ရန်နှင့် တပ်မတော်က နိုင်ငံရေးတွင် ပါဝင်နေမှုအား နှုတ်ထွက်ကြောင်း လူသိရှင်ကြား ကြေညာပေးရန်တို့ဖြစ်သည်။





No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...