Wednesday, April 7, 2021

ခင်ဦးမြို့နယ်၌ ရဲနှင့်စစ်တပ်က ပစ်ခတ် ရမ်းကား ဖျက်ဆီးပြီး စားသောက်ဆိုင်က ငွေ ၁၁ သိန်းကျော်ယူသွား


ခင်ဦးမြို့နယ်၌ ရဲနှင့်စစ်တပ်က ပစ်ခတ် ရမ်းကား ဖျက်ဆီးပြီး စားသောက်ဆိုင်က ငွေ ၁၁ သိန်းကျော်ယူသွား 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒီကနေ့ ဧပြီ ၆ ရက်က  စစ်သားနဲ့ရဲတွေက  ကံသစ်ကျေးရွာကိုဝင်ရောက်လာပြီး  မတ်လ ၂၅ ရက်နေ့တုန်းက  ကျဆုံးသွားတဲ့ ပြည်သူ ၁ ဦးရဲ့အိမ်က  ဗီရိုနဲ့ သေတ္တာတွေကို  ရိုက်ဖျက်ဖွင့်ဖောက် ရှာဖွေခဲ့ပါတယ်။

ဒီနောက် ဂွေးကုန်းကျေးရွာအနီးမှာ သေနတ် ၂ ချက်ဖောက်သွားခဲ့သို အင်တိုင်းလေးရွာထိပ် မှာ သေနတ်တစ်ချက်ဖောက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဆက်လက်ပြီး  အင်းပတ်ကွေ့ ကုန်စိမ်းတန်းက 7Star စားသောက်ဆိုင်ကို ဝင်ပြီး ဆိုင်ရှင်တွေမရှိခင်  အကြော်ဆရာ ကိုမိုးဆန်းဦး (အသက်၂၀နှစ်) မိဘမဲ့လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေက တစ်ဆင့်သိရပါတယ်။ 

အဲ့ဒီ ဆိုင်အတွင်းက အခန်းတွေကို ရိုက်ခွဲဖျက်ဆီးတာ၊ ဗီရိုတွေကို ရိုက်ခွဲဖျက်ဆီးတာတွေ ပြုလုပ်ခဲ့သလို  ဆိုင်ရှင်ရဲ့ သမီးဖြစ်သူ  အခန်းအတွင်းက ငွေကျပ် ၁၁သိန်းကျော် ယူဆောင်သွားတယ်လို့လည်း သိရပါတယ်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...