Wednesday, April 7, 2021

ကလေးမြို့ တာဟန်းခံတပ် ဝင်ရောက်စီးနင်းခံရလို့ အနည်းဆုံး ၃ ဦးသေဆုံး

7.4.2021

ကလေးမြို့ တာဟန်းခံတပ် ဝင်ရောက်စီးနင်းခံရလို့ အနည်းဆုံး ၃ ဦးသေဆုံး

ဒီနေ့ မနက် ၅နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က အင်အား ၂၀၀ကျော်ဟာ ကလေးမြို့၊ တာဟန်းခံတပ်ကို အရှေ့၊အနောက် နှစ်ဖက်ပိတ်ကာ ပစ်ခတ်ခဲ့ပါတယ်။ 

ဒါ့အပြင် လမ်းသွယ်တွေထဲကပါ ဝင်ရောက်ပြီး ကလေးမြို့ကနေ အခြားမြို့တွေဆီ ကူးနိုင်တဲ့ လမ်းတွေကိုပါ စစ်နေရာပိတ်ဆို့ဖြန့်ကျက်ထားတယ်လို့ ဆိုပါတယ်။ 

ဒီလို ပစ်ခတ်မှုကြောင့် လူ (၃)ဦးသေဆုံးပြီး ဒဏ်ရာရသူဦးရေတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။ 

"ညထဲက လာတိုက်မလို့နဲ့ မနက်အစောမှ ဝင်လာတာ။ အင်အားများတယ် လက်နက်ကြီးတွေတော်တော်သုံးတယ်။ အစက ပြန်ပစ်ကြသေးတယ် နောက်တအားပစ်တော့ ပြေးနေရတာနဲ့ ဘာလက်နက်တွေလည်းတောင် မသိတော့ဘူး။ ရှေ့ရက်တွေထဲက စက်လေယာဉ်တွေ ကလေးမြို့ကို လာ လာနေတာ၊ လက်နက်တွေလာပို့တာထင်တယ်။" လို့ အဲ့ဒီခံတပ်မှာ ရှိနေခဲ့သူ လူငယ်တဦးကပြောပါတယ်။ 

လက်ရှိ နေ့လည် ၁၀နာရီကျော်အထိ စစ်ကောင်စီဘက်ကပစ်ခတ်နေဆဲဖြစ်ပြီး တာဟန်းခံတပ်မှာတော့ ပြည်သူတွေမရှိတော့ဘူးလို့ သိရပါတယ်။







No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...