7.4.2021
မန္တလေးမြို့မှာ မဟာသင်္ကြန်မဏ္ဍပ် ဖျက်သိမ်း
~~~~~~
■ မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ကိုဗစ်စည်းကမ်းနဲ့အညီ ကျင်းပသွားမှာဖြစ်လို့ တည်ဆောက်နေဆဲ မဏ္ဍပ်တွေကို ဖျက်သိမ်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။
မဏ္ဍပ်တည်ဆောက်ခွင့်တွေ မပြုတော့ဘူး၊ မိသားစုသင်္ကြန်တော့ ကျင်းပသွားမယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရှေ့မှာ တည်ဆောက်ထားတဲ့ မြို့တော်ဝန်မဏ္ဍပ်နဲ့ နေပြည်တော် ဗဟိုမဏ္ဍပ်တွေကို အရင်ရက်တွေက တည်ဆောက်နေပေမယ့် အခုရက်ပိုင်းမှာတော့ ပြန်လည်ဖျက်သိမ်းနေတာ တွေ့ရပါတယ်။
မကြာမီရက်ပိုင်းမှာ ကျရောက်တော့မယ့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပြည်သူတွေ ပါဝင်ဆင်နွှဲခြင်း မပြုကြဖို့ အဖွဲ့အစည်း အသီးသီးက မေတ္တာရပ်ခံစာတွေ ထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment