7.4.2021
စမ်းချောင်းအထွေထွေအုပ်ချုပ်ရေးရုံးအနီး
ပေါက်ကွဲသံကြားရ
ရန်ကုန်၊ စမ်းချောင်း ဗားကရာလမ်းပေါ်က
စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး
ရုံးအနိီးမှာ ဒီနေ့ ဧပြီ ၇ ရက် မနက် ၁၁ နာရီကျော်လောက်က ပေါက်ကွဲမှုပုံစံမျိုး ဖြစ်ခဲ့
တယ်လို့ ထွေအုပ်ရုံးအနီးနေထိုင်သူတွေကပြောပါတယ်။
"ပေါက်ကွဲသံလိုကြားတယ်၊အငွေ့တွေတွေ့တယ်၊ အသံဗုံးလိုအသံပဲတော်တော်ကျယ်တယ်၊ ဘာပေါက်တာလဲတော့ သေချာမသိဘူး" လို့
အဲဒီရုံးအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ အဲဒီရုံးအနီးတဝိုက်စစ်ကောင်စီရဲ့
တပ်ဖွဲ့တွေ လုံခြုံရေးယူထားပြီး စစ်ဆေးနေတဲ့
ပုံစံရှိတယ်လ်ို့မျက်မြင်တွေကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစမ်းချောင်းမြို့နယ်
အတွင်းကရပ်ကွက်အုပ်ချုပ်ရေးရုံးတစ်ရုံးမီးလောင်ခဲ့ပါသေးတယ်။
No comments:
Post a Comment