Wednesday, April 7, 2021

ကလေးမြို့ ဆန္ဒပြသူတွေရဲ့ခံတပ်ဖြိုခွဲခံရ၊ ၈ ဦး သေဆုံး

 ကလေးမြို့ ဆန္ဒပြသူတွေရဲ့ခံတပ်ဖြိုခွဲခံရ၊ ၈ ဦး သေဆုံး

~~~~~~

■ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆန္ဒပြသူတွေ အခိုင်အမာ ဆောက်လုပ်ထားတဲ့ ပင်မခံတပ်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ ဒီကနေ့ ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် သေနတ်ကျည်ထိမှန် သေဆုံးသူ ၈ ဦးအထိရှိသွားပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

သေဆုံးသူ ၅ ယောက်ရဲ့ အလောင်းကိုပဲ ရပ်ကွက်နေသူတွေပြန်ရထားပြီး ကျန်တဲ့သုံးလောင်းကတော့ စစ်ကောင်စီတပ်တွေက ကောက်သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

သေနတ်ကျည်ထိမှန်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိနေပါတယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီတပ်အင်အား ရာနဲ့ချီဟာ ပင်မခံတပ်ဖြစ်တဲ့ တာဟန်းခံတပ်ကို ဒီမနက်အစောပိုင်း ၅ နာရီကစပြီး ဖြိုခွဲနေတာဖြစ်ပြီးတော့ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တယ်လို့ ဒေသခံက ပြောပါတယ်။ 

ဒီနေ့မနက် ၁၀ နာရီအထိ ကလေးမြို့က ဆန္ဒပြတဲ့သူတွေ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြခွင့်ရှိပြီး ပစ်ခတ်မှုတွေ မလုပ်ဘူးလို့ ဆန္ဒပြခေါင်းဆောင်တွေကို စစ်ကောင်စီတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပြီးနောက် အခုလိုဖြိုခွဲခံရတာလို့ ဆိုပါတယ်။

ကလေးမြို့မှာ စစ်ကောင်စီတပ်က နေ့တိုင်းဆက်တိုက်ဖြိုခွင်းနေတာကြောင့် တာဟန်းရပ်ကွက်ထဲမှာ ဆန္ဒပြပြည်သူတွေပေါင်းပြီးပင်မ တပ်စခန်းတစ်ခုကို မတ်လ ၂၇ ရက် နေ့ကတည်းက အခိုင်အမာ တည်ဆောက်ထားတာဖြစ်ပါတယ်။ 

ဒီနေ့ ပစ်ခတ်ခံရမှုတွေပြီးနောက် ဒီခံတပ်ရဲ့ အကာအရံတွေကိုလည်း မြေထိုး ဘတ်ဖိုးကားနဲ့ဖယ်ရှား ရှင်းလင်းလိုက်တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြရင်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးရတဲ့သူ ၂၅ ဦးရှိသွားပါပြီ။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...