Wednesday, April 7, 2021

Puma Energy ကုမ္ပဏီဝန်ထမ်းတွေ အလုပ်ပြန်ဆင်းဖို့ စွမ်းအင်ဝန်ကြီးဌာန ဖိအားပေး

 Puma Energy ကုမ္ပဏီဝန်ထမ်းတွေ အလုပ်ပြန်ဆင်းဖို့ စွမ်းအင်ဝန်ကြီးဌာန ဖိအားပေး

~~~~~~~~~~

■ မြန်မာနိုင်ငံမှာ လေကြောင်းအတွက် လောင်စာဆီ တင်သွင်းတဲ့လုပ်ငန်း လုပ်ဆောင်နေတဲ့ Puma Energy ကုမ္ပဏီ ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနက ဖိအားပေးနေတယ်လို့ RFA က သတင်းရရှိပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဝန်ထမ်းတွေနဲ့ မိတ်ဖက်လုပ်ငန်းတွေရဲ့ လုံခြုံရေးအတွက်ဆိုပြီး Puma Energy က လုပ်ငန်းလည်ပတ်မှုကို တရားဝင် ရပ်ဆိုင်းထားတာပါ။ 

အခုတခါ ဝန်ထမ်းတွေကို ဧပြီလ ၇  ရက်နေ့  နောက်ဆုံးထားပြီး အလုပ်မဆင်းရင် အလုပ်က ထုတ်မယ်ဆိုပြီး စွမ်းအင်ဝန်ကြီးဌာနက မနေ့က အသိပေးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့၊ ကုမ္ပဏီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး Puma ကုမ္ပဏီရဲ့ သဘောထားနဲ့ တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ လေကြောင်းအတွက် လောင်စာဆီ တင်သွင်းတဲ့လုပ်ငန်းကို အဓိက လုပ်ဆောင်နေတဲ့ စင်္ကာပူအခြေစိုက် Puma Energy ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလကစပြီး စွမ်းအင်ဝန်ကြီးဌာနက ၅၁ ရာခိုင်နှုန်း၊ Puma ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းနဲ့ အကျိုးတူ ဖက်စပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဝန်ထမ်းအင်အား  (၁၅၀) ကျော်ရှိတဲ့ Puma Energy ကုမ္ပဏီဟာ လက်ရှိ ရန်ကုန်လေဆိပ်မှာ ဝန်ထမ်း ၁၀ ဦးလောက်နဲ့သာ လည်ပတ်နေတယ်လို့လည်း သိရပါတယ်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...