7.4.2021
ရန်ကုန်မြို့ အထင်ကရဈေးဝယ်စင်တာ နှင့်
နေရာအချို့ တွင်အသေးစားပေါက်ကွဲသံများကြားရ
ရန်ကုန်မြို့ မြန်မာပလာဇာပထမထပ်မှာ
ပေါက်ကွဲသံကြားခဲ့ရတယ်လို့ အဲဒီမှာဈေးဆိုင် ဖွင့်လှစ်ထားသူတွေကအတည်ပြုပြောကြားပါတယ်။ ပေါက်ကွဲမှုဆိုပေမယ့် အသံသာ
ကျယ်လောင်ပြီးလူထိခိုက်မှုမရှိဘူးလို့ဆို
ပါတယ်။ပေါက်ကွဲသံကတော့ အသံဗုံးလို
မျိုး ပေါက်ကွဲသံဖြစ် တယ်လို့ မြန်မာပလာဇာမှာ မိုဘိုင်းဖုန်းရောင်းဝယ်ရေးဆိုင်ဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။
ပေါက်ကွဲသံလိုသာ ကြားလိုက်ရတာဖြစ်ပြီး ဘာပါက်တယ်ဆိုတာလည်း မသိလိုက်ဘူးလို့ဆိုကြပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိလို့ စင်တာထဲက ဈေးဆိုင်တွေကတော့ ညနေ ၄နာရီအထိ
ဖွင့်လှစ်ခဲ့တယ်လို့ပြောပါတယ်။
အလားတူ ရန်ကုန်မြို့ မြေနီကုန်းတံတားအောက် အပန်းဖြေ နေရာမှာလည်း ဒီနေ့မနက်ပိုင်းက အသံဗုံးလိုပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ အဲဒိီအနီးမှာ ဈေးရောင်းချသူတွေက ဘီဘီစီကို
အတည်ပြုပါတယ်။
"လူတွေက ဒဂုံစင်တာပေါက်တယ်လို့ပြောနေတာ ဒဂုံစင်တာမှာ မဟုတ်ဖူး။ရဲတွေ လုံခြုံရေးယူဖို့ထိုင်နေတဲ့မြေနီကုန်းတံတားအောက်က
ခုံတန်းလေးတွေနားမှာ ပေါက်တာ၊ သူတို့ဘာသာမှားဖောက်မိလား၊တခြားသူ လုပ်လားတော့မသိဘူး ၊ အသံတော်တော် ကျယ်တယ်" လို့
မြေနီကုန်းတံတားနား ပတ်ဝန်းကျင်မှာ
ဈေးရောင်းချသူတစ်ဦးကပြောပါတယ်။
ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ ထဲကနေရာ
တချို့ နဲ့ စမ်းချောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးနားမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တာကို မြို့ခံတချို့က ဘီဘီစီကိုပေးပို့လာပါတယ်။
No comments:
Post a Comment