Sunday, March 21, 2021

ပုသိမ်မြို့မှာ လူငယ်များ မြို့အတွင်း ဆိုင်ကယ်တွေနဲ့လှည့်လည်ပြီး စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ

 ပုသိမ်မြို့မှာ လူငယ်များ မြို့အတွင်း ဆိုင်ကယ်တွေနဲ့လှည့်လည်ပြီး စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ

DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၂၁ ရက်နေ့က မြို့ခံလူငယ်တွေက ဆိုင်ကယ်တွေနဲ့လှည့်လည်ပြီး မြို့အတွင်း စစ်အာဏာရှင်ဆန့်ကျင် ရေး ဆန္ဒပြခဲ့ကြပါတယ်။

ရဲနဲ့စစ်တပ် လိုက်လံပိတ်ဆို့တာတွေကို ရှောင်ပြီး မြို့ပေါ် လူစည်ကားတဲ့လမ်းတွေပေါ်မှာ ဆိုင်ကယ်တွေနဲ့လှည့်လည်ကာ အာဏာရှင်စနစ်ဖျက်သိမ်းရေး၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊မတရားဖမ်းဆီးခံရသူများလွတ်မြောက်ရေးစတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြတယ်လို့ ပါဝင်သူ ၁ ဦးက DVB ကိုပြောပါတယ်။

မတ်လ ၁၄ ရက်နေ့ ညပိုင်းက ရဲနဲ့စစ်တပ်ရဲ့ ကျည်အစစ်နဲ့ ပစ်ခတ် ဖြိုခွင်းမှုကြောင့် လူသေဆုံးတာတွေရှိခဲ့ပြီးနောက်ပိုင်း မြို့ခံပြည်သူတွေက ရတဲ့နည်းလမ်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်လာခဲ့တာ ၄၃ ရက်မြောက်နေ့ရှိပြီလည်းဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၄၃ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၆ ကြိမ်ရှိပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...