8.3.2021
၄၆ လမ်း နဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာရှိတဲ့ Orient စားသောက်ဆိုင်ကို စစ်သား နဲ့ ရဲတွေ ဝင်ရောက် အကြမ်းဖက် ဖျက်ဆီးပြီး လူ ၂၀ ဝန်းကျင် ဖမ်းဆီးသွား
မတ်လ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲ ဝန်းကျင်က ၄၆ လမ်း နဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာရှိတဲ့ Orient စားသောက်ဆိုင်ကို စစ်တပ်က ဝင်ရောက် အကြမ်းဖက်ဖျက်ဆီးပြီး ဆိုင်တွင်းရှိသူတွေကို ဖမ်းဆီးခဲ့တာပါ။ ဆိုင်တွင်း စားသုံးနေသူ ၂၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီကနေ့ မနက် အစောပိုင်းကတည်းက ပုဇွန်တောင် ရေကျော်ဝန်းကျင်ကို ရဲ နဲ့ စစ်သားတွေ လာရောက်ပြီး ဆန္ဒပြပြည်သူတွေရဲ့ အကာအရံတွေကို ဘူဒိုဇာတွေနဲ့ ရှင်းလင်းတာတွေ လုပ်ခဲ့ပါတယ်။ မနက် ၁၁ နာရီ ဝန်းကျင်ကလည်း ရေကျော်လမ်းမပေါ်မှာ လူငယ် ၂ ယောက် အဖမ်းခံခဲ့ရပါသေးတယ်။
No comments:
Post a Comment